Breaking Kalay PDF nih thawngthanh nak mipi sin ah an tuah cang

Thawngpang

Kalay in Gangaw lei a kalmi zei bantuk mawtaw paoh kan kah cang hna lai Kahdohnak ruangah Kalaymyo le Gangaw karlak ah mawtaw in umkal hlah u tiah PDF Kalay nih kan thanh lengmang cang.Tuzing in Gangaw peng Namkha le Htay Hlaw khua karlak ah PDF le ralhrang kahdohnak fak ngai in a um.

Ralhrang nih umkalnak ah mawtaw sawhsawh an hman lengmang. Cucaah Kalaymyo in Gangaw lei ah zei bantuk mawtaw hmanh kal hlah u tiah ralrin kan in pek than hna. Mawtaw a kalmi cu zei bantuk an si zongah kan kah hna ko hna lai, ti kha hlankan in kan in theihter hna People’s Defence Force Kalay the chin post.

အသိပေးထုတ်ပြန်ချက် စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၁ တိုက်ပွဲအခြေအနေများကြောင့် ကလေးမြို့နှင့်ဂန့်ဂေါမြို့အကြား မော်တော်ကားများ ဖြတ်သန်းသွားလာခြင်းမပြုရန် မိမိတို့ PDF Kalay က အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့ပြီးဖြစ်ပါသည်။ ယနေ့နံနက်မှစတင်၍ ဂန့်ဂေါမြို့နယ်၊ နှမ်းခါး နှင့် ထှယ်လှော်ရွာအကြားတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်လျက်ရှိပါသည်။

စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့မှ အရပ်သုံးယာဉ်များအသုံးပြု၍ အကြမ်းဖက်စစ်သားအင်အား ဖြည့်တင်းလျက်ရှိပါသည်။ ထို့ကြောင့် ကလေးမြို့ဘက်မှ မည်သည့် မော်တော်ကားအမျိုးအစားမဆို ဂန့်ဂေါဘက်သို့ မောင်းနှင်သွားလာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် ထပ်မံသတိပေးလိုက်သည်။ မောင်းနှင်သွားလာသော မည်သည့် မော်တော်ကားအမျိုးအစားကိုမဆို မိမိတို့ တပ်ဖွဲ့ဝင်များက မလွဲမရှောင်သာ ပစ်ခတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။